အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ တစ်ခုတည်းသော အားသာချက်ဖြစ်သည့် တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်များသုံးကာ ယခုရက်ပိုင်းအတွင်း ဗုံးကြဲမှု ခပ်စိတ်စိတ်လုပ်နေသဖြင့် ပြည်သူများ ‘စစ်ရေးသတိ အမြဲရှိကြရန်’ အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ AA ၏ ယာယီအကျဉ်းစခန်းတစ်ခုကို စက်တင်ဘာ ၉ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၅၀ကျော် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ရုပ်သံဖိုင်များနှင့်တကွ AA က ထုတ်ပြန်ထားသည်။ စက်တင်ဘာ ၈ ရက်၊ ညဦးပိုင်းကလည်း AA သိမ်းပိုက်ထားသော ပေါက်တောမြို့နယ်ရှိ ဆေးကုသရေးစင်တာတစ်ခုကို အလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၇ဦး သေဆုံးကာ၊ အနည်းဆုံး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု AA က ဆိုသည်။ သေဆုံးသူများထဲတွင် သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော စစ်ကောင်စီတပ်မှ အရာရှိကြီးများ ပါဝင်သည်ဟု AA ၏ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောသည်။
Read Next
သတင်း
October 5, 2024
တောင်ကုတ်တွင် နေ့ရောညပါဗုံးကြဲ၊ ၄ ဦးသေပြီး အများအပြားဒဏ်ရာရ
သတင်း
October 3, 2024
ပလက်ဝ ဒေသခံ ၃ ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ
October 5, 2024
တောင်ကုတ်တွင် နေ့ရောညပါဗုံးကြဲ၊ ၄ ဦးသေပြီး အများအပြားဒဏ်ရာရ
October 4, 2024
ကချင်ပြည်နယ်တွင် KIA သိမ်းထားသည့်မြို့ပေါင်း ၁၀မြို့ ရှိလာ
October 4, 2024
မင်းအောင်လှိုင် စစ်အုပ်စုပြုတ်ကျမည်ကို တရုတ်ကမလိုလားကြောင်း လျှို့ဝှက်အစည်းအဝေးမှတ်တမ်းက ဖော်ပြနေ
October 4, 2024
မောင်တောမြို့ကို ထိန်းချုပ်ထားသော AA က လက်ကျန် တပ်စခန်းကို ပိတ်ဆို့ထား
October 3, 2024