အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“တော်လှန်ရေးလုပ်ရင်တော့ ပြတ်သားဖို့ လိုအပ်တယ်” – စောကပီ

နိုင်ငံမြောက်ပိုင်း တော်လှန်ရေးအင်အားစုက စစ်ကောင်စီစခန်းများကို တိုက်ခိုက် သိမ်းပိုက်နေသော်လည်း နိုင်ငံတောင်ပိုင်းရှိ သက်တမ်းရင့် တော်လှန်ရေး အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားနယ်မြေတွင် အလားတူထိုးစစ် မရှိသဖြင့် ဝေဖန်ခံနေရသည်။ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များမှာ ဘက်မတူ၊ အကျိုးစီးပွား မတူညီသဖြင့် လုံခြုံရေး၊ စစ်ရေးအခြေအနေမှာလည်း အခြားဒေသများနှင့် ကွဲပြားလိမ့်မည်ဟု ဒေသတွင်း နိုင်ငံရေး၊ စစ်ရေး လေ့လာသူ စောကပီက ပြောသည်။ ကရင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေများ အပါအဝင် နိုင်ငံတောင်ပိုင်းအနှံ ပြန့်ကျဲနေသော ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစည်းနိုင်မည့် အလားအလာများနှင့်ပတ်သက်ပြီး ထိုင်း မြန်မာနယ်စပ် အခြေစိုက် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး သင်တန်းကျောင်း တည်ထောင်သူ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ စောကပီကို ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button