စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသည့် ဦးဆောင်သူတစ်ဦးဖြစ်သော မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို အရပ်ဝတ်လူတစ်စုက ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယနေ့ ဖေဖော်ဝါရီ ၁၃ တွင် မကွေးမြို့၌ စစ်အာဏာသိမ်းမှုကို ဆန္ဒပြပွဲ ပြုလုပ်ပြီး ဦးနေမျိုးကျော် နေအိမ်သို့ ပြန်လာစဉ် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မကွေးမြို့ မဲထီးလမ်းပေါ်၌ စီးလာသောဆိုင်ကယ်အား နောက်ဘက်မှ ဝင်တိုက်ခဲ့သည်။ ဆိုင်ကယ် လဲကျနေစဉ် အရပ်ဝတ် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်များက ပြောသည်။
၎င်းကို နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မဟုတ်ကြောင်း ဒေသခံများက ပြောသည်။
မကွေးမြို့ ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သော ကိုချစ်ဝင်းမောင်က “ ဆိုင်ကယ်နဲ့ ရှေ့က ပါတီဝင်တစ်ယောက် မောင်းတယ်၊ နောက်က သူ (ဦးနေမျိုးကျော်) လိုက်တာတယ်။ နောက်က ဝင်တိုက်ပြီးတော့ ဆိုင်ကယ် လဲတာမှာ ဝင်ဖမ်းတာ၊ ကားပေါ်ဆွဲတင်သွားတော့ အရပ်ဝတ်နဲ့ဆိုတော့ ဘာမှန်းမသိလိုက် ဖြစ်သွားတာ” ဟု ပြောသည်။
လတ်တလော သတင်းများအရ ဦးနေမျိုးကျော်ကို မကွေးမြို့၊ အမှတ် (၁) ရဲစခန်းဘေးရှိ မြို့နယ်မှူးရုံးခန်းတွင် ထိန်းသိမ်းခေါ်ဆောင်ထားသည်ဟု သိရသည်။
လက်ရှိတွင် ဦးနေမျိုးကျော်ကို ဖမ်းဆီးထားရာမှ လွှတ်ပေးရန် ဒေသခံဆန္ဒပြပြည်သူများက မကွေးအမှတ် (၁) ရဲစခန်းရှေ့မှာ တောင်းဆိုနေကြသည်။
မကွေးမြို့တွင် ဆန္ဒပြပွဲများကို ဦးနေမျိုးကျော်က ဦးဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၉ တွင် ဖြစ်ပွားခဲ့သော မကွေး-တောင်တွင်းလမ်းတက္ကသိုလ်ရှေ့မှာ ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်ဖြင့် ထိုးနေစဉ် ဒိုင်းများဖြင့် ဆန္ဒပြပြည်သူများကို ကာကွယ်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို လုံခြုံရေး ပေးထားသူလည်း ဖြစ်သည်။

ဦးနေမျိုးကျော်သည် မကွေးတိုင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ဝန်ကြီးဖြစ်ပြီး ၂၀၁၈ တွင် နုတ်ထွက်စတင်ခဲ့သူ ဖြစ်သည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည်လည်း နေအိမ်အကျယ်ချုပ်ဖြင့် တပ်မတော်မှ အာဏာကို သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ကတည်းက ထိန်းသိမ်းခံထားရသည်။ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် အစိုးရအဖွဲ့ဝင်များလည်း ဖမ်းဆီးခံထားရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တောင်ကုန်မြို့တွင် ဆန္ဒပြပွဲ ဦးဆောင်ခဲ့သည့် တောင်ကုတ်အမတ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ရဲတပ်ဖွဲ့က လာဖမ်းဆီးခဲ့ပြီး လုံခြုံရေး စိတ်မချဟု ဆိုကာ စစ်တပ်က လာရောက်ခေါ်ဆောင်သွားခဲ့သေးသည်။
ယနေ့ ညနေ ၆ နာရီအထိ ရရှိသော သတင်းများအရ ဦးနေမျိုးကျော်ကို ရဲတပ်ဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်



