အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတုန်းမြို့နယ် ပကဖ၏ စစ်သင်တန်းဆင်းပွဲကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (မင်းတုန်း-ပကဖ) ၏ ပထမဆုံးသော အခြေခံ စစ်သင်တန်းဆင်းပွဲကို စစ်ကောင်စီကလေယာဉ်ဖြင့် ယနေ့(ဩဂုတ် ၂၈) နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းတုန်း-ပကဖ) ၏ ပထမဆုံးသော အခြေခံစစ်သင်တန်းဆင်းပွဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သင်တန်းဆင်းပွဲကျင်းပသည့် မြို့မြောက်ဘက်ခြမ်း ရခိုင်ရိုးမတောင်ခြေ ဘောလုံးကွင်းကို နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ၁၀ မိနစ်နီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းတုန်း-ပကဖ တာဝန်ခံ ကိုဗဟိန်းက ပြောသည်။

စစ်တပ်က ကြိုတင်သတင်းရသဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များကလည်း လေကြောင်းရန်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် သင်တန်းဆင်းပွဲကို မူလသတ်မှတ်ထားသည်ထက် စောပြီးကျင်းပခဲ့သဖြင့် အထိအခိုက်မရှိခဲ့ဟု ၎င်းကဆိုသည်။

“သင်တန်းစလုပ်ကတည်းက ကျော်စောသတင်းအနေနဲ့ ပေါက်နေတဲ့အနေအထားရှိပါတယ်။ ဒါကြောင့် သင်တန်းဆင်းပွဲကိုလည်း အငိုက်ဖမ်းပြီးတော့ မနက်အစောကြီး ထလုပ်ပစ်လိုက်တဲ့အတွက် မနက် ၇ နာရီမှာ စပြီး ၉ နာရီမှာ ပြီးဆုံးသွားပါတယ်။ သင်တန်းဆင်းပွဲပြီးမှ လေယာဉ်လာတာပါ” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း စိုးရိမ်ထိတ်လန့်ပြီး တောတောင်များထဲထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ကိုဗဟိန်းက ဆိုသည်။

“ဦးတည်တာကတော့ ဒီဒေသက ပြည်သူတွေကို ခြိမ်းခြောက်ချင်လို့။ အကြောက်တရားနဲ့ ဖိနှိပ်ဖို့အတွက်၊ သင်တန်းဆင်းပွဲလုပ်လို့ ဒီဒေသကို လာဖိနှိပ်ဖို့ လေယာဉ်သံပေးတာလို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

မင်းတုန်းမြို့နယ်တွင် အနီးဝန်းကျင်ရှိ သရက်၊ မင်းလှ စသည့်မြို့နယ်များမှ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်ဖွဲ့ (ကပစ) တပ်များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး လက်ရှိတွင် ပုသိမ် – မုံရွာ လမ်းပေါ်ရှိ ၅ မိုင်ဂိတ်မှ အနီးဝန်းကျင်ကို မကြာခဏ စစ်ကြောင်းထိုးကာ လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း မင်းတုန်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ 

ရခိုင်ရိုးမအရှေ့ဘက်တွင် ရှိသည့် မင်းတုန်းမြို့နယ်သည် အနောက်ဘက်တွင် အမ်း၊ တောင်ကုတ်တို့နှင့် ထိစပ်နေပြီး မြို့နယ်အရှေ့ဘက်နှင့် မြောက်ဘက်တွင် ‘ကပစ’ ဟုခေါ်သည့် စစ်တပ်အတွက် မော်တာကျည်ဆန်များ၊ တာဝေးပစ်ယာဉ်တင်ဒုံးများနှင့် ဗုံးသီးများ ထုတ်လုပ်သည့် စက်ရုံများ တည်ရှိရာ သရက်နှင့် မင်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

“ကပစတွေ ဆက်သွယ်ထားတဲ့ လမ်းတွေကို ဝင်ရောက်ဖြတ်တောက်ဖို့ဆိုရင် ရိုးမအခြေမှာရှိတဲ့ မင်းတုန်းလိုမျိုးက အရေးကြီးပါတယ်။ ဒီကနေ ခြေကုပ်ရရင် အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်လို့ရနိုင်တယ်” ဟု ကိုဗဟိန်းက ဆိုသည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်က ရခိုင်ရိုးမတောင်ခြေအနီး ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သော်လည်း လက်ရှိတွင် မင်းတုန်းမြို့အနီး ပုသိမ် – မုံရွာလမ်းပိုင်းကိုသာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button