အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အရွယ်သုံးပါးမရွေး ကင်းစောင့်ခိုင်းဖို့ စစ်ကောင်စီ လူစစုနေပြီ

အမျိုးသားတွေကို အတင်းအကျပ်လုံခြုံရေးကင်းစောင့်ခိုင်းမယ့် အစီအစဉ်ကို စစ်ကောင်စီက စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ မန္တလေးအပါအဝင် ဒေသအချို့မှာ ကင်းသမားတွေ စတင်ရွေးချယ်နေပြီလို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဆီကနေ စုံစမ်းသိရပါတယ်။

ဒါဟာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ ဆိုရှယ်လစ်အစိုးရနဲ့ ဗိုလ်ချုပ်သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်တွေက ရပ်ကွက်ထဲမှာ အရပ်သားတွေကို အလှည့်ကျကင်းစောင့်ခိုင်းတဲ့ စနစ်မျိုးကို မင်းအောင်လှိုင်က ပြန်လည်သွတ်သွင်းလိုက်တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ‘ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့’ ကို စစ်ကောင်စီက ဖွဲ့စည်းပြီးတဲ့နောက် ‘ပြည်သူ့လုံခြုံရေးစနစ်’ လို့ နံမည်ရတဲ့ အစီအစဉ်ကို စလုပ်ဖို့ ကြိုးစားလာတာပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတဝှမ်း စစ်မျက်နှာများစွာ ဖွင့်ထားရချိန်မှာ ရပ်ကွက်၊ကျေးရွာအလိုက် လုံခြုံရေးစနစ်တွေ တည်ဆောက်ရမယ်လို့ သြဂုတ်လ ၂၅ရက်နေ့က မန္တလေးရောက် စစ်ခေါင်းဆောင်က ပြောထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles