အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုးကန့်တပ်က လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို ဘယ်လိုလည်ပတ်နေလဲ

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးကို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်လနီးပါးကြာလာချိန်မှာ ကိုးကန့်တပ် MNDAA က အုပ်ချုပ်ရေးယန္တရားနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ စတင်လည်ပတ်နေပြီး၊ မြို့နေလူထုနဲ့လည်း တွေ့ဆုံပွဲပွဲတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာတော့ လျှပ်စစ်မီးပြန်ရဖို့ ကိုးကန့်တပ် အုပ်ချုပ်ရေးအဖွဲ့တွေက ပြင်ဆင်နေကြသလို၊ ဆက်သွယ်ရေးအတွက် မြို့နေရာတချို့မှာလည်း Mytel ဖုန်းလိုင်းပြန်ရနေပြီလို့ ဩဂုတ်လ ၁၁ ရက်နေ့ကစတင်ပြီး လားရှိုးမြို့မှာ ပြန်လည် နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း လားရှိုးကို ပြန်ဝင်လာတဲ့ မြို့ခံတွေ ပိုများလာသလို ဈေးတွေနဲ့ စားသောက်ဆိုင်တချို့လည်း ပြန်ဖွင့်နေပြီလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ စစ်ရေးအရ အရေးနိမ့်သွားပေမဲ့ လေကြောင်းကနေ ဗုံးကြဲနိုင်စွမ်းရှိနေသေးတဲ့အတွက် မြို့ခံတချို့ကတော့ နေရပ်ပြန်ဖို့ စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ ကိုးကန့်တပ်ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ လားရှိုးမြို့သိမ်းတိုက်ပွဲကို ဇူလိုင် ၃ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ တစ်လတိတိကြာတဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button