အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အာဏာသိမ်းတော့မယောင် ခြိမ်းခြောက်မှုများအပေါ် ကိုမင်းကိုနိုင် ဘာပြောလဲ

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ပေါ်ထွန်းလာမည့် လွှတ်တော်များခေါ်ယူခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ လူထုက မဲပေးရွေးချယ်ခဲ့သည့် တရားဝင်အစိုးရအဖြစ် လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်းစသည့် လုပ်ငန်းသုံးခုကို မျက်ခြည်မပြတ်ဘဲ ပေါ်ပေါက်နေသော ခြိမ်းခြောက်မှုများကို စုပေါင်းခုခံကြရန် ပြည်သူများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်သည်။ “အာဏာမသိမ်းဟု မမှတ်ယူနိုင်”၊ “အခြေခံဥပဒေကို ဖျက်၍ရသည်”ဟု တပ်မတော်က ထုတ်ပြောလာချိန်တွင် ခြိမ်းခြောက်ခံရခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အနုတ်လက္ခဏာမှ ပြန်စရမည့်အဖြစ်မျိုးကို ခုခံနိုင်ရန် ရွေးကောက်ပွဲရလဒ်ဖြင့် ဖော်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ပြီးပြတ်အောင်မြင်အောင် လုပ်ရမည်ဟု ကိုမင်းကိုနိုင်က ပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/pwBhdcjEsQQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button