အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြို့သိမ်းတိုက်ပွဲအပြီး လားရှိုးမြို့ အခြေအနေ

လားရှိုးမြို့ကို အခုလဆန်းပိုင်းမှာ ကိုးကန့်တပ် MNDAA က အပြီးသတ်ထိန်းချုပ်လိုက်ပြီးတဲ့နောက် နေရပ်စွန်ခွာခဲ့ကြရတဲ့ မြို့ခံတွေထဲက တချို့ဟာ မြို့ကို ပြန်လာနေကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ နီးတဲ့ ရပ်ကွက်တွေမှာတော့ တိုက်ပွဲတွေကြောင့် အပျက်အစီးတွေ ပိုများပြီး၊ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို ကိုးကန့်တပ်က သန့်ရှင်းရေးတွေ လုပ်နေတာ ပြီးသလောက်ရှိပြီဖြစ်ကြောင်းနဲ့ အပုပ်နံ့တချို့တော့ ရှိနေသေးကြောင်း၊ သြဂုတ်လ ၁၁ ရက်နေ့က လားရှိုးကို ပြန်လာတဲ့ မြို့ခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ စတင်လည်ပတ်နေပေမဲ့ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေတော့ ပြတ်တောက်နေတုန်းပဲလို့ သိရပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာကို အခွင့်ကောင်းယူပြီး နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းခိုးယူခံရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိခဲ့တာကြောင့် တိုက်ပွဲတွေအပြီးမှာ နေရပ်ပြန်ပြီး ပစ္စည်းလာသယ်တဲ့သူတွေကိုတော့ ကိုးကန့်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးတာရှိတယ်လို့လည်း သိရပါတယ်။ ခုရက်ပိုင်းအတွင်း လားရှိုးကို ပြန်ခဲ့တဲ့ ရပ်ကွက် (၅) မှာ နေထိုင်သူ အမျိုးသားတစ်ဦးကတော့ သူ့ရဲ့နေအိမ် ဖောက်ထွင်းခံရတာကို တွေ့ရပြီး အိမ်ထဲက ပစ္စည်းတွေနဲ့ ဆိုင်ကယ် ၆ စီး ခိုးယူခံရတယ်လို့ ဆိုပါတယ်။ လားရှိုးမြို့ခံအများစုဟာ နေရပ်ကို ပြန်ချင်ကြပေမဲ့ စစ်ရှုံးသွားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲမယ့် အန္တရာယ်ကို ကြောက်ရွံ့နေကြရပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button