ရုပ်သံသတင်း

ကိုဗစ်ကာကွယ်ဆေးရပြီဆို၍ ပေါ့ဆသွားကြမည်ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

ကိုဗစ်ကာကွယ်ဆေး စထိုးနိုင်ပြီဆို၍ ပြည်သူများအနေဖြင့် အသွားအလာ၊ အနေအထိုင် ပေါ့ဆသွားကြမည်ကို စိုးရိမ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးခွင့်ရသည့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်အေးအေးမူကလည်း ကိုဗစ်ကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများကဲ့သို့ပင် အနည်းငယ်သာ လက်မောင်းအောင့်ကြောင်း၊ ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်သေးကြောင်းနှင့် ကာကွယ်ဆေးထိုးခွင့်ရသူအားလုံး ထိုးသင့်ကြောင်း ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/KlEiYo289n4]

Related Articles

Back to top button