အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က စစ်တပ်၏ လေကြောင်းထောက်ပို့ရဟတ်ယာဉ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ လေယာဉ်အမြီးပိုင်း ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ MI 17 အမျိုးအစား ရဟတ်ယာဉ်ဖြင့် မြေပြင်တွင် ပစ္စည်းချခြင်း၊ ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တင်ဆောင်နေစဉ် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အမြီးပိုင်းနှင့် လူတင်ဆောင်နေသည့် တံခါးပေါက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ ထိုရဟတ်ယာဉ်မှ ပြုတ်ကျကျန်ရစ်သည့် အရေးပေါ်တံခါးပေါက်ကို သိမ်းဆည်းရမိထားသည်ဟု NUG က ထုတ်ပြန်သည်။ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ အရာရှိအပါအဝင် ၇ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး အပါအဝင် ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ကောလင်းမြို့နှင့် ကပ်လျက်ရှိ ပင်လည်ဘူးမြို့ကို တော်လှန်ရေးစပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဧပြီလတွင် တော်လှန်ရေးအင်အားစုများက မြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button