
ဝရမ်းပြေးမိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီမှ ဦးဆောင်ပြုလုပ်ရန်ရှိသည့် တပ်မတော်ထောက်ခံပွဲကို စပွန်စာပေးထားခြင်းမရှိကြောင်း တပ်မတော်ဘက်မှ ငြင်းဆိုလိုက်သော်လည်း ဝန်းရံသူများတော့ရှိနိုင်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောဆိုလိုက်ပါသည်။ နေပြည်တော်တွင် စိုက်ထူမည့် ကျောက်တိုင်စိုက်ထူပွဲကို မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီမှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကာကွယ်ပေးရန်” ဟု အမည်ပေးထားသော တပ်ထောက်ခံသည့် လှုပ်ရှားမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်တွင် အမြန်လမ်း ရန်ကုန်တိုးဂိတ်မှ စတင်ရန် မိုက်ကယ်ကျော်မြင့်မှ ညွှန်ကြားထားကြောင်း ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်မှ ပြောဆိုထားပါသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်၊ မင်းမင်း/Myanmar Now
[youtube https://youtu.be/SJ153ZcEYXg]