အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိုက်ကယ်ကျော်မြင့်ဦးဆောင်မည့် တပ်ထောက်ခံပွဲ တပ်မတော်မှ စပွန်စာမပေးပေမယ့် ဝန်းရံသူရှိနိုင်ဟုဆို

ဝရမ်းပြေးမိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီမှ ဦးဆောင်ပြုလုပ်ရန်ရှိသည့် တပ်မတော်ထောက်ခံပွဲကို စပွန်စာပေးထားခြင်းမရှိကြောင်း တပ်မတော်ဘက်မှ ငြင်းဆိုလိုက်သော်လည်း ဝန်းရံသူများတော့ရှိနိုင်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောဆိုလိုက်ပါသည်။ နေပြည်တော်တွင် စိုက်ထူမည့် ကျောက်တိုင်စိုက်ထူပွဲကို မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီမှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကာကွယ်ပေးရန်” ဟု အမည်ပေးထား‌သော တပ်ထောက်ခံသည့် လှုပ်ရှားမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်တွင် အမြန်လမ်း ရန်ကုန်တိုးဂိတ်မှ စတင်ရန် မိုက်ကယ်ကျော်မြင့်မှ ညွှန်ကြားထားကြောင်း ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်မှ ပြောဆိုထားပါသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်၊ မင်းမင်း/Myanmar Now

[youtube https://youtu.be/SJ153ZcEYXg]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button