ရုပ်သံသတင်း

ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ဆန္ဒပြပွဲဦးဆောင်သူ သံဃာနှစ်ပါး ခံဝန်လက်မှတ်ထိုး

အင်းစိန်ထောင်ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ခွင့်မပြုချက်မဲ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် သံဃာတော်နှစ်ပါးကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ခေါ်ယူပြီး တိုင်းသံဃနာယကအဖွဲ့၏ ဆုံးမဩဝါဒနှင့်အညီ နေထိုင်ရန် ခံဝန်ကတိထိုးခိုင်းလိုက်သည်။ ဆန္ဒပြပွဲဦးဆောင်သံဃာတော်နှစ်ပါးကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ လိမ်မာယဉ်ကျေးစွာ နေထိုင်ရန် မိန့်ကြားပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းခြင်းသည် ဆရာတော်ကြီးများကို အပေါ်ကခိုင်းစေသဖြင့် လုပ်ရခြင်းဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ထိုးခဲ့သူ ဦးပညာဝံသက ပြောဆိုခဲ့သည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/UMCmbpRIUxc]

Show More

Related Articles

Back to top button