အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“တပ်မဟာ ၁၊ ၃၊ ၅ မှ မဟုတ်ဘူး၊ တပ်မဟာအားလုံးက တိုက်မှာပဲ” – ပဒိုစောတောနီး

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ ၅ရက် မှာ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ ရှမ်းမြောက်စစ်ပွဲအပါအဝင် ရှုံးနိမ့်မှုတွေအတွက် ပြည်ပနိုင်ငံတွေကို အပြစ်ဖို့ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်ပွဲအသစ်စဖို့ ပြင်ဆင်နေတဲ့အကြောင်း ထည့်ပြောသွားပါတယ်။

KNU အနေနဲ့ စစ်တောင်းမြစ်တဝှိုက်မှာ စစ်ပွဲအသစ်စဖို့ ပြင်ဆင်နေကြောင်း ၊ KNU တပ်မဟာ ၁၊၃၊ နဲ့ ၅ တို့ ပါဝင်တိုက်ခိုက်မယ်လို့ သတင်းရကြောင်း မင်းအောင်လှိုင်က ညဉ်းတွားခဲ့ပြီး ထိုင်းနယ်စပ်က ရလာတဲ့ လက်နက်တွေကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ KNU ရဲ့ တုံ့ပြန်ချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button