အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မီးဝိုင်းလာတဲ့ မန္တလေးမြို့မှာ ဘာတွေဖြစ်နေလဲ

မြန်မာနိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျပြီး ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမြို့နားကို တော်လှန်ရေးတပ်တွေက တဖြည်းဖြည်း ချဉ်းကပ်လာနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း တစ်နည်းအားဖြင့် ရှမ်း-မန်း စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးတပ်တွေက မန္တလေးမြို့နဲ့ မိုင် ၂၀ ပတ်လည်အတွင်းကို ချဉ်းကပ်လာနိုင်ခဲ့တာပါ။ မန္တလေးမြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ရည်မှနးချက်ဖြစ်ပြီး ‘ပြည်တော်ဝင်’ မယ်လို့ ကြွေးကြော်ထားပါတယ်။ တိုက်ပွဲတွေ နီးကပ်လာတာနဲ့အတူ မန္တလေးမြို့မှာ လာရောက်ပြီး စစ်ဘေးရှောင်ကြသူတွေလည်း အများအပြား ရှိပါတယ်။ မန္တလေးတိုင်းထဲက တိုက်ပွဲတွေပြင်းထန်နေတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းက ဒေသခံတွေသာမကဘဲ မိုးကုတ်မြို့နယ်နဲ့ ရှမ်းမြောက်ဒေသ လားရှိုးမြို့က စစ်ရှောင်ပြည်သူတွေ ထောင်နဲ့ချီပြီး လာရောက်ခိုလှုံနေကြတာပါ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နှစ်ပေါင်း ၈၀ နီးပါး စစ်ပွဲနဲ့ မတွေ့ကြုံရတာ ကြာပြီဖြစ်တဲ့ မန္တလေးမြို့ခံတွေကတော့ ကြုံလာရနိုင်တဲ့ တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေကြပြီလို့ သိရပါတယ်။ ငွေကြေးတတ်နိုင်သူတွေက ဘေးလွတ်ရာ ရန်ကုန်ကို ရှောင်ဖို့ပြင်ထားကြပြီး အများစုကတော့ ဆန်၊ ဆီ၊ ဆေးဝါးတွေ စုဆောင်းနေကြသလို၊ သဲအိတ်တွေ၊ အကာအရံတွေနဲ့ ပြင်ဆင်နေကြတာလည်း ရှိပါတယ်။ စစ်မီးဝိုင်းလာတဲ့ မန္တလေးမြို့အဝင်အထွက်ဂိတ်တွေကို စစ်ကောင်စီက လက်ရှိမှာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး မန္တလေးမြို့တွင်းက ဈေးချို၊ အိမ်တော်ရာဘုရားဝင်းနဲ့ မန္တလေးတောင်ပေါ်တွေမှာလဲ တပ်စွဲပြီး ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး၊ နေမင်းနီ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles