ရုပ်သံသတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘာကြောင့်ကျသလဲ

အမှတ်တံဆိပ်ကို အစွဲပြုပြီး ‘နေဝန်းနီ’ လို့ နာမည်ကျော်တဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ် တစ်ခုလုံးကို ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်၊ သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဒါဟာ မြန်မာစစ်တပ်သမိုင်းတစ်လျှောက်မှာ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု ပထမဆုံးကျဆုံးမှုလည်း ဖြစ်ပါတယ်။ ရမခ စစ်တိုင်းရုံးထဲကနေ ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ဒီမနက်မှာ ဆုတ်ခွာသွားတာကြောင့် လားရှိုးမြို့သိမ်းတိုက်ပွဲ တစ်လတိတိပြည့်တဲ့နေ့မှာပဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးသိမ်းသိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီလိုအခြေအနေမှာ ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ ဆိုပြီး တိုင်းပြည်အာဏာကို အဓမ္မသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ သမ္မတအဖြစ် သူ့ကိုယ်သူ အပ်နှင်းထားပါတယ်။ စစ်တပ်ထဲမှာ နှစ်ပေါင်း ၂၀ တာဝန်ထမ်းခဲ့တဲ့ CDM တပ်အရာရှိတစ်ဦးကတော့ စစ်ကောင်စီရဲ့ လက်ရှိအခြေအနေဟာ စစ်ဦးကျိုးသွားပြီ ဖြစ်တာကြောင့် စစ်ခေါင်းဆောင်တွေကိုယ်တိုင် ထွက်တိုက်ရင်တောင် မနိုင်တော့ဘူးလို့ သုံးသပ်ပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်

Show More

Related Articles

Back to top button