အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လားရှိုးစစ်ဆေးရုံကို ကိုးကန့်တပ် ဝင်စီးပြီး စစ်ကောင်စီစစ်သားများအား ဖမ်းမိ

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းရှိ ခုတင် ၁၀၀ ဆံ့ စစ်ဆေးရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆေးဝန်ထမ်း စုစုပေါင်းအင်အား ရာနှင့်ချီပြီး ကိုးကန့်တပ် MNDAA ထံ ယမန်နေ့က လက်နက်ချခဲ့ကြောင်း သိရှိရသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) စခန်းဝင်းကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်များက အပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ရမခအတွင်းရှိ စစ်ဆေးရုံကို ကိုးကန့်တပ်က ဝင်စီးနိုင်ခဲ့သော်လည်း လက်ကျန် စစ်ကောင်စီတပ်များနှင့် ဆက်လက်တိုက်ပွဲဖြစ်နေကြောင်း သိရှိရသည်။ ရခမတိုင်းရုံး၏ အချက်အချာဖြစ်သည့် ဗဟိုကင်းကို MNDAA နှင့် မဟာမိတ်တို့ ယမန်နေ့ နံနက်ပိုင်းတွင် ဝင်စီးခဲ့သည်ဟု သိရှိရသည်။ ဗဟိုကင်းတွင် စစ်တပ်၏ လက်နက်တိုက်၊ သော့ချုပ်၊ အရေးကြီးစာရွက်စာတမ်း၊ တိုင်းစစ်ဌာနချုပ်၏ အရန်လက်နက်များအပြင် ဘေးနားတွင် ခဲယမ်းများ သိုလှောင်လေ့ရှိကြောင်း သိရှိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button