အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုအကျိုးရှိကြောင်း NLD ပြော

ပြည်နယ်လေးခုသွားရောက်ပြီး တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အရာများကို ပါတီတွင်း ပြန်လည်သုံးသပ်နေပြီး ၎င်းခရီးစဉ်များမှ အကျိုးကျေးဇူးများရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်မှ ပြောဆိုလိုက်သည်။ ရွေးကောက်ပွဲအပြီး NLD ပါတီက အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့ပြီး မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင် တွေ့ဆုံမည့်နေရာ အဆင်မပြေသဖြင့် မတွေ့ဖြစ်သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ခရီးစဉ်တို့တွင် အောင်မြင်မှုရခဲ့သည်ဟု NLD ဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ မင်းမင်း/Myanmar Now

[youtube https://youtu.be/WPw2wY0hFpU]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles