ရုပ်သံသတင်း

လေယာဉ်ဗုံးကို အန်တုပြီး အပြုံးနဲ့ ကြိုဆိုကြတဲ့ မိုးကုတ်လူထု

ပတ္တမြားမြေဟု အမည်ကျော်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ယမန်နေ့ (ဇူလိုင် ၂၄) က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အိမ်ပြန်ခွင့်ရသူများထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး မှ ဒေါက်တာစိုးသူရဇော်လည်း ပါဝင်သည်။ မိုးကုတ်မြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မိုးကုတ်လူထုက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ အိမ်ပြန်ခွင့်ရ၍ ဝမ်းသာခြင်းထက်၊ လေကြောင်းမှ ဗုံးကြဲခံရနိုင်သည့် အန္တရာယ်ကို အန်တု၍ အပြုံးဖြင့် ကြိုဆိုကြသည့် လူထု၏ အားပေးမှုက တော်လှန်ရေးခရီးအတွက် အင်အားဖြစ်စေကြောင်း မိုးကုတ်မြို့ဇာတိဖြစ်သည့် ဒေါက်တာစိုးသူရဇော် က Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button