အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တိုက်ပွဲတွေပြင်းထန်နေတဲ့ လားရှိုးမြို့ အခြေအနေ

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က စစ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက ဇူလိုင်လ ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာပါ။ အခုဆိုရင်တော့ တိုက်ပွဲတွေက မြို့ထဲအထိ ရောက်လာပါပြီ။ ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ လားရှိုးမြို့ကို အလုံးအရင်းနဲ့ ချဉ်းကပ်ဝင်ရောက်လာပြီး ဒီကနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လို့တောင် တင်စားကြတဲ့ လားရှိုးမြို့ရဲ့ဧရိယာ ထက်ဝက်နီးပါးမှာ တိုက်ပွဲတွေ ဖြစ်နေပြီး၊ လားရှိုးလေဆိပ်အနီးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နားအထိ ကိုးကန့်တပ်တွေ ချဉ်းကပ်လာနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ ကိုးကန့်တပ်တွေဟာ လားရှိုးမြို့ကို မကြာခင်မှာ အလုံးစုံသိမ်းပိုက်နိုင်လိမ့်မယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button