ရုပ်သံသတင်း

လွှတ်တော်သစ်မစမီ နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်

အစိုးရသစ်ဖွဲ့စည်းရေးအတွက် အရေးကြီးသည့် လွှတ်တော်အစည်းအဝေးများမစတင်မီ ရက်ပိုင်းအလိုတွင် အမျိုးသားရေးသမားဆိုသူများက နေပြည်တော်တွင် တပ်ထောက်ခံပွဲလှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုလာပြီးနောက် မြို့ဝင်၊ မြို့ထွက်များကို လုံခြုံရေးတိုးမြှင့်ချထားကြောင်းနှင့် ၃၀ဦးထက်ပိုသည့် လူစုလူဝေးလုပ်ပါက ထိထိရောက်ရောက် အရေးယူမည်ဟု နေပြည်တော်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁)တွင် ထုတ်ပြန်လိုက်သည်။ လုံခြုံရေး၊ ကိုဗစ်ရောဂါကူးစက်မှုမပြန့်ပွားရေးနှင့် အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရေးအတွက် ယခုကဲ့သို့ ကြိုတင်အသိပေးလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ကောင်စီဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/6qibw4Jm35I]

Show More

Related Articles

Back to top button