အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မဲနှစ်သိန်းကျော်သာသည့် အနိုင်ရကိုယ်စားလှယ်ကိုပင် ပြည်ခိုင်ဖြိုးက ကန့်ကွက်ထား

၂၀၂၀ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအနက် ဖေဖော်ဝါရီ ၁ရက်တွင် စတင်ကြားနာမည့် ကန့်ကွက်လွှာ ၂၂မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့စတင်ကြေညာလိုက်ရာ ထိုအထဲတွင် မဲရလဒ် ၂၄၀,၀၀၀(နှစ်သိန်းလေးသောင်း)ကျော် အသာဖြင့် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်ကိုပင် ပြည်ခိုင်ဖြိုးပါတီဘက်က ကန့်ကွက်ထားသည်ကို တွေ့ရသည်။ အနိုင်ရ NLD ကိုယ်စားလှယ်များရရှိသည့် ထောက်ခံမဲများအနက် တရားမဲ့ပြုကျင့်မှုကြောင့်ရသည့် မဲများမပါပါက ၎င်းတို့သည် ခိုင်လုံမဲအများဆုံးရထိုက်သည်ဟု ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ၏ ကန့်ကွက်လွှာတွင် ဖော်ပြထားပြီး NLD ဘက်ကမူ ယခုကဲ့သို့ ကန့်ကွက်ခံရမှုအပေါ် အထူးစိုးရိမ်မှုမရှိကြောင်း၊ နိုင်နိုင်နင်းနင်း ပြန်လည်ချေပနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ၏ တက်ကြွမှုနှင့် မဲရလဒ်အပေါ် မြန်မာကသာမက ကမ္ဘာကပါသိသည်ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/2B0e1v4Xob8]

Related Articles

Back to top button