အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အလုပ်အားခ အပြည့်အဝရရှိရေးအတွက် အလုပ်သမား ရာနှင့်ချီ ဆန္ဒပြ

ရန်ကုန်မြို့လယ်ရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၏ ရိုးမကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရိုးမစင်ထရယ် (Yoma Central) ဟိုတယ်နဲ့ အိမ်ရာစီမံကိန်းမှ ရာနှင့်ချီသည့် အလုပ်သမားများသည် သတ်မှတ်လုပ်ခလစာ အပြည့်အဝမရရှိသလို လူမှုဖူလုံရေးကြေးများလည်း မရရှိသောကြောင့် လုပ်ငန်းခွင်အပြင်ထွက်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်က ဆန္ဒပြခဲ့ကြသည်။ ၎င်းလုပ်ငန်းခွင်တွင် အလုပ်သမား လေးထောင်ကျော်ရှိပြီး လုပ်ခလစာကို ၁၄ ရက်တစ်ကြိမ် ပုံမှန်ရှင်းပေးခဲ့သော်လည်း ဇန်နဝါရီလအတွက် ၅ရက်စာသာ ရှင်းပေးသောကြောင့် အလုပ်သမားများက ဆန္ဒပြကြတာဖြစ်ပြီး ညနေပိုင်းတွင် ကိုဗစ်ကာလ လူမှုဖူလုံရေကြေးရရှိရေးနှင့် လုပ်အားခအပြည့်အဝရရှိရေးအတွက် အလုပ်သမားခေါင်းဆောင်များနှင့် အလုပ်ငန်းရှင်တာဝန်ရှိသူများအကြား လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဝင်ရောက်ညှိနှိုင်းပေးခဲ့သဖြင့် ပြေလည်သွားပြီး ၂၆ ရက်နေ့မှာ ပေးချေသွားမည်ဟု သိရပါသည်။ 

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/TkstPw6Ei0I]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles