
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ထိန်းချုပ်လုနီးပါး ဖြစ်နေချိန်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အလွန်အကျွံသုံးနေရာ မြို့လုံးကျွတ်နီးပါး ပျက်စီးနေပြီဖြစ်သည်ဟု သိရသည်။ မြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နှင့် မခေါက်ရွာတပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး လေကြောင်းမှ ပစ်ခတ်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ သတင်း၊ တင်ဆက် – မိုးဦး၊ မြတ်ကြီး