
မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်းများအသင်းအပါအဝင် စားသောက်ဆိုင်ပိုင်ရှင်များက ရန်ကုန်မြို့တွင်ရှိသော စားသောက်ဆိုင်များကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပြုရန် လုပ်ငန်းရှင်များ အလိုရှိနေကြသည်။ ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့်ပိတ်ထားသည်မှာ ငါးလပြည့်တော့မည်ဖြစ်ပြီး စားသောက်ဆိုင်လုပ်ငန်းသုံးပုံတစ်ပုံသည် ပိတ်ပစ်ရမည့် အခြေအနေရှိနေကြောင်း မြန်မာ့စားသောက်ကုန်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသလို ဆက်လက်ပြီးပါဆယ်ရောင်းချခွင့်သာ ခွင့်ပြုထားပါက စားသောက်ဆိုင်အများစုပြိုလဲနိုင်သဖြင့် အလုပ်လက်မဲ့ဝန်ထမ်း များပြားလာနိုင်သောကြောင့် ကိုဗစ်စည်းကမ်းများနှင့်အညီ ဆိုင်များပြန်ခွင့်ပေးရန် လုပ်ငန်းရှင်များမှ ရန်ကုန်တိုင်းအစိုးရထံ တောင်းဆိုနေကြသည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/zPd4kER7DKo]