အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရဲချုပ်တရားစွဲခံရမှု မညှိနှိုင်းဘဲ တရားခွင်၌သာ ရှင်းမည်

ဗစ်တိုးရီးယားအမှုတွင် အချုပ်သားဘဝဖြင့် ၆ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရသူက နစ်နာကြေး ကျပ်သိန်း ၅,၀၀၀ ရလိုမှုဖြင့် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးကို ဦးတည်တရားစွဲဆိုခဲ့ရာတွင် တရားရုံးသို့ ရဲချုပ်ကိုယ်တိုင်မလာဘဲ ဒုရဲမှူးကြီးတစ်ဦးကို ကိုယ်စားစေလွှတ်ခဲ့ပြီး အမှုကို တရားခွင်၌သာ ဖြေရှင်းမည်ဟု ရဲတပ်ဖွဲ့ဘက်က သဘောထားပေးခဲ့ကြောင်း တရားလိုရှေ့နေက ပြောသည်။ ထိုအမှုကို တစ်နှစ်ခွဲအတွင်း အပြီးသတ်အမိန့်ချမည်ဟု တရားရုံးက ဆုံးဖြတ်လိုက်ပြီး ငွေရလိုမှုတစ်ခုတည်းဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲဆိုခြင်းမဟုတ်သည့်အတွက် ညှိနှိုင်းရန်မရှိဘဲ အမှုကို အဆုံးထိရင်ဆိုင်သွားမည်ဟု တရားလို ကိုအောင်ကြီးက ဆိုသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/k6gEp8KyQyc]

Related Articles

Back to top button