အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အင်အားကြီး ‘ဝ’ တပ်ဖွဲ့ ရှမ်းမြောက်မှာ ဘာကြောင့်တပ်ဖြန့်သလဲ

မြန်မာပြည်မှာ လူသူ၊ လက်နက်အင်အား အတောင့်တင်းဆုံးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ‘ဝ’ တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့ထဲကို ဇူလိုင်လ ၁၀ ရက်နေ့က ဝင်ရောက်လာပြီး၊ လက်ရှိမှာလည်း မြို့အနီးတစ်ဝိုက်မှာ တပ်ဖြန့်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ မပါဝင်ဘူးလို့ ပြောထားတဲ့ ‘ဝ’ တပ်ဖွဲ့ဟာ စစ်‌ကောင်စီလက်အောက်က မြို့နှစ်မြို့ကို သေနတ်တစ်ချက်တောင် မဖောက်ရဘဲ ရယူခဲ့တဲ့ သာဓကလည်း ရှိခဲ့ပါတယ်။ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးမားဆုံး ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်တပ်နဲ့ ရပ်တည်နေတဲ့ ဘဏ္ဍာငွေအတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်လုံးမှာ တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့်၊ ‘ဝ’ တပ်ဖွဲ့ဟာ သူတို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကိုးကန့်တပ် MNDAA , တအာင်းတပ် TNLA တို့ရဲ့ ထိုးစစ်မှာ ပါဝင်ကူညီပေးတယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ သတင်း၊ တင်ဆက် – မင်းမောင်၊ စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button