အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုဗစ်နိုင်တင်းကြောင့် ဦးဝီရသူအမှုကို အွန်လိုင်းမှသာစစ်ဆေး

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝီရသူအမှုကို ဇန်နဝါရီ၁၂ရက်နေ့တွင် အွန်လိုင်းပေါ်ကတစ်ဆင့် စစ်ဆေးခဲ့ပြီးနောက် ချုပ်ရက်ရမန်နှစ်ပတ်ပေးကာ နောက်တစ်ကြိမ်ရုံးချိန်းသို့ ပြန်လည်ချိန်းဆိုလိုက်သည်။ ဦးဝီရသူအား ထောက်ခံဝန်းရံသူသံဃာများနှင့် အရပ်သားများအပါအဝင် စုစုပေါင်းလူဦးရေ ၅၀နီးပါးက အနောက်ပိုင်းခရိုင်တရားရုံးရှေတွင် ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။ ကိုဗစ်နိုင်တင်းကူးစက်ရောဂါကာလအတွင်း အချုပ်သားများကို ရုံးထုတ်စစ်ဆေးခြင်းမရှိသောကြောင့် ဦးဝီရသူအမှုကို အွန်လိုင်းမှတစ်ဆင့် ရမန်ပေးနေကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရပါသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/db7v9UPLWwU]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button