
နိုင်ငံရေးပါတီအချင်းချင်းကြား နိုင်ငံရေးပြဿနာများရှိသည့်အချိန်တွင် တပ်မတော်သည် ကာကွယ်သူ ထိန်းကျောင်းသူအနေဖြင့် ပါဝင်စွက်ဖက်နေခြင်းသည် ဒီမိုကရေစီနိုင်ငံရေးကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ရပ်တန့်သင့်ကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ ပြောဆိုလိုက်သည်။ ၂၀၂၀ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူနှစ်သောင်းခန့်ဖြင့် စောင့်ကြည့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ ရွေးကောက်ပွဲတွင် မဲစာရင်းအမှားများ၊ မဲပေးခွင့်မရခြင်းများကို တွေ့ရှိခဲ့ရသော်လည်း ရွေးကောက်ပွဲတစ်ခုလုံးပြောင်းလဲသွားလောက်သည်အထိ မှားယွင်းခဲ့ခြင်းမျိုး မတွေ့ရကြောင်း ဆက်ပြောပါသည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/m96byES6tLs]