ဇွန်လ ၂၅ ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဦးဆောင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ‘၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း’ ဟု အမည်ပေးထားပြီး ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်များတွင် အဓိက တိုက်ပွဲပြင်းထန်နေသည်။ စစ်ကောင်စီတပ်က ဒါဇင်နှင့်ချီသည့် စစ်စခန်းများကို တစ်ပတ်အတွင်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA ဦးဆောင်နေသည့် ထိုစစ်ဆင်ရေးတွင် တော်လှန်ရေးအဖွဲ့တချို့ ပူးပေါင်းပါဝင်နေရာ ထိုအထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များစွာလည်း ပါဝင်သည်။ MDY-PDF ၏ အဓိကရည်မှန်းချက်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးမြို့သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး ဖြစ်သည်။ သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ စစ်ရေးရည်မှန်းချက်များနှင့်ပတ်သက်ပြီး MDY-PDF မှ ဒေါက်တာစိုးသူရဇော်ကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါက်တာစိုးရသူဇော်သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့ဇာတိဖြစ်ပြီး၊ ဝန်ထမ်းများမဖြစ်မနေတက်ရသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် လူမျိုးရေး၊ ဘာသာရေးဝါဒမှိုင်းများကို အဓိကသင်ကြားပို့ချနေကြောင်း ဖွင့်ချခဲ့သည့် ‘ဇီးပင်ကြီးစစ်တမ်း’ ကို ရေးသားခဲ့သူ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာသည့် ဒေါက်တာစိုးသူရဇော်သည် စစ်ကောင်စီကို ခြေသံလုံလုံဖြင့် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး မှ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။ မေးမြန်း- စထွန်းအောင်
Read Next
December 4, 2024
နတ်တလင်းတွင် လက်နက်ကြီးကြောင့် ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
December 4, 2024
တရုတ်အစိုးရနှင့်ပေါင်း၍လုံခြုံရေးကုမ္ပဏီထောင်မည့်အကြောင်းစစ်တပ်ထုတ်ပြန်
December 4, 2024
ဗန်းမော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်၊ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ခုခံ
December 4, 2024
တားမြစ်ထားသည့် မြန်မာ့ကျွန်းသစ်သုံးပြီး ဇိမ်ခံသင်္ဘောဆောက်သည့် နယ်သာလန်ကုမ္ပဏီ ယူရို၁သိန်းခွဲ ဒဏ်ရိုက်ခံရ
December 4, 2024