ရုပ်သံသတင်း

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစုတွေအားလုံး စစ်တပ်ပိုင်သိမ်းပစ်မယ့် အနေအထား မြင်နေရပြီ

တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပိုမိုဦးစားပေးလာမည့်အပြင် အထူးအခွင့်အရေးပိုရလာနိုင်ကြောင်း၊ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် MEC ကုမ္ပဏီက မောင်ပိုင်စီးသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများကို ဝါးမျိုမည့်အခြေအနေရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ အာဏာသိမ်းပြီးနောက် ရှိသမျှ ရသမျှ အမေရိကန်ဒေါ်လာကို စစ်တပ်ထိန်းချုပ် ဗဟိုဘဏ်မှတစ်ဆင့် ဦးပိုင်နှင့် MEC ကုမ္ပဏီနှစ်ခုကိုသာ ရောင်းပေးနေပြီး ကျန်ကုမ္ပဏီများမှာ ဦးစားပေးအဆင့်တွင် မပါဝင်တော့ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေဆိုးများကို အမြန်ဆုံးကျော်လွှားနိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တိုက်တွန်းထားသည့် ဦးတင်ထွန်းနိုင်၏ ပြောကြားချက်ကို ယခုရုပ်သံတွင် ကြည့်ရှုနိုင်သည်။

Show More

Related Articles

Back to top button