အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရွေးကောက်ပွဲအရှုံးရလဒ်ကို လက်မခံဘဲ မဟုတ်မမှန် ဝေဖန်လျှင် နိုင်ငံရေးကြိုးဆွဲချသလိုဖြစ်မည်

၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၅ရွေးကောက်ပွဲ နှင့် ၂၀၂၀ရွေးကောက်ပွဲရလဒ်များကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒသဘောထားသိနိုင်သလို ရွေးကောက်ပွဲအရှုံးရလဒ်ကို လက်မခံဘဲ မဟုတ်မမှန် ဝေဖန်လျှင် ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်သည့် နိုင်ငံရေးကြိုးဆွဲချသလိုဖြစ်မည်ဟု သမ္မတရုံးပြောခွင့်ရသူက ပြောဆိုလိုက်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်သော်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲများအကြိမ်ကြိမ် ပြုလုပ်ခဲ့သလို ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် မဲစာရင်းပြန်လည်ရေတွက်ရန် အကြိမ်ကြိမ်တောင်းဆိုနေခဲ့သည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး၊ မင်းမင်း/Myanmar Now

[youtube https://youtu.be/BEXkcAe3Ifo]

Related Articles

Back to top button