ရုပ်သံသတင်း

ရွေးကောက်ပွဲရလဒ်သည် ရွေး/ကော်၏ ဆုံးဖြတ်ချက်သာ အတည်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အငြင်းပွားမှုများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်သာ နောက်ဆုံးဖြစ်ပြီး ဘယ်တရားရုံးကမှ ထပ်မံဆုံးဖြတ်နိုင်မည်မဟုတ်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုပါသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲပြီး နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ တရားလိုပြုလုပ်ပြီး တရားလွှတ်တော်ချုပ်ဆီ စာချွန်လွှာတင်ခဲ့တာနှင့် ပတ်သက်ပြီး အခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/qa9CTpSqNNw]

Show More

Related Articles

Back to top button