ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ယာယီအပစ်ရပ်ထားရန် ကြေညာထားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုများ မရှိတော့ပေ။ အနာဂတ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှု ရှိမရှိနဲ့ပတ်သက်ပြီး နှစ်ဖက်စောင့်ထိန်းမှုအပေါ်တွင် မူတည်သည်ဟု တပ်မတော်ဘက်မှ ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်အနေဖြင့် စစ်အင်အား ဖြည့်တင်းဆောင်ရွက်မှုများမရှိသလို ရက္ခိုင့်တပ်တော် AA နှင့် တိုက်ပွဲများမရှိအောင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေမှုများ ရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူနှင့် အေအေပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ မင်းမင်း/Myanmar Now
[youtube https://youtu.be/1kRkxO9gBXU]