ရက္ခိုင့်တပ်တော်(AA)မှ နှစ်လခွဲခန့်ကြာ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ ပါတီနှင့် မိသားစုဝင် များက ထပ်မံတောင်းဆိုလိုက်သည်။ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ် ဖောင်းကားကျေးရွာကို မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ကြသည့်အချိန် အောက်တိုဘာ ၁၄ မနက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/ZP4SqFwcDoE]