အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုဗစ်ကြောင့် ဘူးလေးရာဖရုံဆင့်လာသည့် မိသားစု

ဒဂုံဆိပ်ကမ်းက ကျူးကျော်တဲလေးတစ်ခုထဲတွင် အိမ်ထောင်စု ၄ စုမှ ကလေးငယ် ၁၄ ယောက် အပါအဝင် မိသားစုအယောက် ၂၀ နေထိုင်ကြပြီး ပန်းရောင်း၊ ပလုံကောက် စသည့် ကြုံရာလုပ်သားဘဝဖြင့် အသက်ဆက်နေကြရပြီး ပုံမှန်အခြေအနေမှာတောင် ဒုက္ခများစွာကြုံတွေ့နေကြရသည့် ၎င်းတို့ဘဝသည် ကိုဗစ်နိုင်တင်းရောဂါ ကပ်ဘေးကြောင့် ဘူးလေးရာဖရုံဆင့် ဖြစ်ခဲ့ကြရသည်။ အငတ်ဘေးကို ကျော်ဖြတ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေချိန် လက်ရှိနေထိုင်ကြသည့် ကျူးကျော်တဲကိုလည်း နှစ်ကုန်လျှင် ဖျက်ပေးရမည်ဟု သတင်းတွေကြားနေရသဖြင့် သူတို့ရဲ့ဘဝ အနာဂတ်ကို သူတို့ကိုယ်တိုင် မသိနိုင်တော့ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/zLsEbM1RTT8]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles