
NLD ပါတီအနေဖြင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ တိုင်းရင်းသားပါတီများနှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်ပါသည်။ NLD ပါတီ၏ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံမည့် လုပ်ဆောင်မှုကို ကြိုဆိုလိုက်ပြီး ဆွေးနွေးရမယ့်အကြောင်းအရာနှင့် ပတ်သက်ပြီး NLD ပါတီဘက်မှ တိကျသည့်ကမ်းလှမ်းချက်ကို လက်ရှိအချိန်အထိ မရရှိသေးကြောင်း မွန်ညီညွတ်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူမှ မြန်မာနောင်းကို ပြောဆိုခဲ့သည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ မင်းမင်း/Myanmar Now
[youtube https://youtu.be/Qcv5tF0YcJo]