အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဘသဥက္ကဋ္ဌဟောင်း ဆရာတော်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်လှူဒါန်း 

မဘသ (အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ) ဥက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

မဘသဥက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်ကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းမှုများအပြင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) မှ အငြိမ်းစားတပ်မတော်အရာရှိကြီး၏ ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်တွင် ပါရှိသည်။ 

အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သော အမျိုးသားရေးလှုပ်ရှားမှု မဘသအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်တွင် မဘသအဖွဲ့ ဖျက်သိမ်းခံရပြီးနောက် အမည်ပြောင်းရပ်တည်ခဲ့သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဆရာတော်လည်းဖြစ်သည်။ 

မဘသအဖွဲ့ကို ဖျက်သိမ်းရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ၂၀၁၇ ခုနှစ် မေလအတွင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အင်းစိန်ရွာမဆရာတော်၏ ဦးဆောင်မှုဖြင့် မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်ပြောင်းကာ ရပ်တည်ခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမဝင်အဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထပ်မံကြေညာခဲ့ပြီး ဓမ္မစက်ဖြင့် မရပါက အာဏာစက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ 

၂၀၁၉ ခုနှစ်အတွင်းက မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်ညီလာခံကို အင်းစိန်ရွာမစာသင်တိုက်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။ 

တပ်မတော်၏ ထိုလှူဒါန်းမှုနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

“နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဝင်ဟု သတ်မှတ်ထားသောအဖွဲ့ထံ အဖွဲ့အစည်းကြီးတစ်ခုမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည်” ဟု ထိုစဉ်က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

နောက်ပိုင်းတွင် တပ်မတော်တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲ၌ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်လည်ညီလာခံအတွက် ထိုသို့ငွေလှူဒါန်းခဲ့ခြင်းမှာ သံဃာကို ရည်မှန်းပြီး လှူဒါန်းခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button