ရုပ်သံသတင်း

ခရစ္စမမတ်နှင့် နှစ်သစ်ကူးကို နေအိမ်မှ ဖြတ်သန်းကြရန် ခရစ်ယာန်အသင်းတော်တိုက်တွန်း

ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် မိမိနေအိမ်၌ နေထိုင်ဖြတ်သန်းရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းများကို လိုက်နာကြရန် ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က တိုက်တွန်းလိုက်ပြီး ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဘာသာတရားတိုင်းတွင် တာဝန်ရှိသည်ဟု ပြောဆိုလိုက်သည်။ ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက် ရုံးပိတ်ရက်များတွင် လူစုလူဝေးဖြစ်ပေါ်လေ့ရှိသည့် ရန်ကုန်မြို့အတွင်းမှ ပန်းခြံနှင့် ကစားကွင်းများကို ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၃၁ ထိ ရန်ကုန်တိုင်းအစိုးရမှလည်း ပိတ်ပင်ထားပါသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/ykzF1Pp5OvU]

Show More

Related Articles

Back to top button