အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

KIA စစ်ဦးစီးချုပ်အသစ် ဗိုလ်ချုပ်အောင်ဆိုင်းလာ ဘယ်လိုလူမျိုးလဲ

စစ်ရေးနဲ့ ထောက်လှမ်းရေး ကျွမ်းကျင်ပြီး စေ့စပ်၊ ဖျတ်လတ်သူလို့ နာမည်ကျော်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာ ဟာ KIA ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာပါတယ်။

အခုလ ၁၃ရက်နေ့က ကွယ်လွန်သွားတဲ့ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းရဲ့ နေရာမှာ အစားထိုးဖို့ စစ်ဦးစီးချုပ်အသစ်ကို KIA က ရွေးချယ်ရာမှာ ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆိုင်းလာ က ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ဦးစီးချုပ်အဖြစ် မေလ ၁၈ရက်နေ့က ခန့်အပ်ခံခဲ့ရတာပါ။

အသက် ၆၀ကျော်အရွယ် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာဟာ ကချင်ပြည်နယ် တနိုင်းဇာတိဖြစ်ပြီး၊ မန္တလေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ KIA တပ်ထဲကိုတော့ ၁၉၈၅ခုနှစ်လောက်မှာ စတင်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စာရေးဆရာတစ်ယောက်ဖြစ်သလို၊ KIA ထဲ မဝင်ခင်က ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာဟာ ရှေ့တန်းစစ်မြေပြင်မှာ တပ်ရင်းမှူးအပါအဝင် အဆင့်ဆင့်သော စစ်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသလို၊ နောက်တန်း စစ်ဌာနချုပ်ရုံးမှာလည်း ထောက်လှမ်းရေးဌာနရဲ့ ညွှန်မှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ KIA ရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာဟာ စစ်ရေးပရိယာယ်ကြွယ်ဝသူ၊ ပြတ်သားသူ၊ စည်းကမ်းကြီးသူအဖြစ် KIA တပ်ထဲမှာ နာမည်ကြီးပြီး၊ ရဲဘော်တွေရဲ့ ချစ်၊ ကြောက်၊ ရိုသေမှုကို ခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button