
အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရာတွင် ခုံသမာဓိကောင်စီအနေဖြင့် ဘက်လိုက်မှုတွေကြောင်း အလုပ်သမားများက စွပ်စွဲလိုက်ပြီး လက်ရှိခုံသမာဓိကောင်စီတာဝန်ရှိသူများ နုတ်ထွက်ပေးရန်နှင့် အသစ်ပြန်လည်ဖွဲ့စည်းရန် ဒီဇင်ဘာ ၈ ရက်နေ့က ခုံသမာဓိကောင်စီရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်ပြီး အလုပ်ရှင်ကိုယ်စားလှယ်ငါးယောက်၊ အလုပ်သမားကိုယ်စားလှယ်ငါးယောက်နှင့် ဝန်ကြီးဌာနကိုယ်စားပြုငါးယောက် စုစုပေါင်း ၁၅ ယောက် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/eTKGM2eC_TI]