ရုပ်သံသတင်း

ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံးထိုးနိုင်အောင် အစိုးရစီစဉ်နေဟုဆို

အစိုးရအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို ပြည်သူများအမြန်ဆုံးထိုးနိုင်အောင် စီစဉ်နေသလို တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းများ အရင်ထက်ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ကြိုးစားသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ပြည်သူများအနေဖြင့် ‘ကာကွယ်ဆေးရတော့မှာပဲ’ ဆိုပြီး ပေါ့ပေါ့ဆဆ မနေကြရန်နှင့် ကိုဗစ်အတည်ပြုလူနာအားလုံး၏ ၇၄ရာခိုင်နှုန်းနှင့် ကိုဗစ်ကြောင့်သေဆုံးသူအားလုံး၏ ၉၄ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းကဖြစ်သည့်အတွက် အထူးသတိထားရန်လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now

[youtube https://youtu.be/Y55VhHX4l34]

Show More

Related Articles

Back to top button