ရုပ်သံသတင်း

နမ့်ခမ်းနှင့်ကွတ်ခိုင်တွင် မဲမသမာမှုရှိကြောင့် ကန့်ကွက်ရန် SNLD အမတ်လောင်းပြင်ဆင်

ရှမ်းပြည်နယ် အမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် နမ့်ခမ်းနှင့်ကွတ်ခိုင် မြို့နယ်များတွင် မဲမသမာမှုများဖြစ်ခဲ့သည်ဟုဆိုပြီး ပုံစံ၁၉တွင် လက်မှတ်မထိုးသေးသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ကိုမော်ထွန်းအောင်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းရန် ပြင်ဆင်နေသည်။ နမ့်ခမ်းနှင့်ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများတွင် မဲနှစ်ကြိမ်ပေးသူ၊ အသက်မပြည့်ဘဲမဲပေးသူ၊ ကိုယ်စားမဲပေးသူ၊ မဲရုံအတွင်း ပါတီတစ်ခုကို မဲပေးရန် တိုက်တွန်းမှုများကို ကြုံတွေ့ခဲ့ရကြောင်း ကိုမော်ထွန်းအောင်က ဆိုပါသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/prhYZiQEQs0]

Show More

Related Articles

Back to top button