အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အလုပ်လက်မဲ့ဖြစ်သွားသည့် Young Clothing စက်ရုံအလုပ်သမားများ နစ်နာကြေးရရှိရန်တောင်းဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်တွင်ရှိသည့် Young Clothing အထည်အချုပ်စက်ရုံကို ယာယီပိတ်သိမ်းခဲ့သောကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများမှ အလုပ်ထုတ်နစ်နာကြေးကို ဥပဒေနှင့်အညီရရှိရန် တောင်းဆိုနေကြပါသည်။ Young Clothing အထည်အချုပ်စက်ရုံသည် ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကြောင့် ကုန်ကြမ်းရရှိရန် ခက်ခဲလာခြင်း၊ အမှာစာမရရှိခြင်းတို့ကြောင့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပိတ်သိမ်းမည်ဟု ကြေညာခဲ့ပြီး နစ်နာကြေးများကို အစိုးရထုတ်ပြန်ထားသည့်အတိုင်း ပေးမည်ဟု ထုတ်ပြန်ထားသော်လည်း အလုပ်သမားများအနေဖြင့် အစိုးရထုတ်ပြန်ထားသည့်ဥပဒေအတိုင်း နစ်နာကြေး မရရှိကြောင်း ပြောဆိုပါသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/qqIVgOIndms]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button