ရုပ်သံသတင်း

ပြည်သူများအား အိမ်မှာနေရန် အစိုးရကထပ်မံပန်ကြား

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုပြန်လည်မြင့်တက်လာသောကြောင့် ရောဂါကူးစက်မှုများသော ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအား နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေအထိ ၂ ပတ်တိတိ အိမ်မှာနေရန် နိုင်ငံတော်အစိုးရမှ ထပ်မံပန်ကြားလိုက်သည်။ ရန်ကုန်တိုင်းတစ်ခုလုံးနီးပါး အိမ်မှာနေရန် Stay at Home အစီအစဉ်ကြေညာထားသော်လည်း ရွေးကောက်ပွဲနေ့အတွက် ပြည်သူများမဲပေးနိုင်အောင် အစီအစဉ်ဖြေလျှော့ပေးခဲ့ပြီးနောက် ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် ပြည်သူတွေ လိုက်နာမှုအားနည်းလာခြင်းကြောင့် ထပ်မံမေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/J8UmY6dAAdg]

Show More

Related Articles

Back to top button