
နိုဝင်ဘာလ ၈ ရက်နေ့ည ၈ နာရီအထိ မဲရေတွက်မှုများအရ ပန်းဘဲတန်းမြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်မှ အသာစီးရလျက်ရှိသည်။ ပန်းဘဲတန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးမြင့်ခိုင်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးအာကာကျော်နှင့် လူ့ဘောင်သစ်ပါတီမှ မအိသဉ္ဇာမောင်တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now
[youtube https://youtu.be/xxoxZ23aHf4]