အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံရေးအမှုဖြင့် မုံရွာရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရဟုဆို

မုံရွာ အမှတ် ၁ ရဲစခန်းမှ ချုပ်နှောင်ခံထားရသူများမှာ အကျဉ်းထောင်များထက်ပင် အခွင့်အရေးဆုံးရှုံးနေသည်

စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိ အမှတ် ၁ ရဲစခန်းတွင် နိုင်ငံရေးအမှုများဖြင့် ချုပ်နှောင်ခံထားရသူ ၂၀၀ အပါအဝင် လူ ၃၅၀ ခန့်သည် အခြေခံအခွင့်အရေးများဖြစ်သည့် ထောင်ဝင်စာလက်ခံခွင့်၊ မိသားစုနှင့် တွေ့ဆုံခွင့်စသည့်အခွင့်အရေးများပင် မရဘဲဖြစ်နေသည်ဟု သိရသည်။

ထိုရဲစခန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF သံသယဖြင့် ဖမ်းဆီးခံထားရသူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လူမှုကွန်ယက်တွင် Like, Share ပြုလုပ်သည်ဆိုကာ အရပ်သားများကို ဖမ်းဆီးထားခြင်းဖြစ်သည်။

ထိုသူများကို မည်သည့်တရား စွဲဆိုမှုမျှမလုပ်၊ အကျဉ်းထောင်များသို့လည်းမပို့ဘဲ ချုပ်နှောင်ထားသည်ဟု အချုပ်ခန်းတွင်းမှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

“အချုပ်ရောက်ကတည်းက တွေ့ခွင့်မရဘူး စာအဆက်အသွယ်လည်းမရဘူး တွေ့ဖို့ခွင့်တောင်းတော့ အချုပ်မှာမို့ လုံးဝတွေ့ခွင့်မပေးဘူးပြောတယ်” ဟု ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အချုပ်ကျနေသူများသည် မုံရွာမြို့နှင့်အနီးပတ်ဝန်းကျင်မှ နိုင်ငံရေးသံသယဖြင့်ဖမ်းဆီး ထားသူများလည်း ပါဝင်သည်။ လုံခြုံရေးအကြောင်းပြချက်ဖြင့် မည်သည့်နေရာမျှ ပို့ဆောင်ခြင်းမရှိဘဲ ထိန်းသိမ်းထားရာ ၁ နှစ်ခန့်ရှိနေပြီဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ယက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

“အကျဉ်းထောင်မဟုတ်တော့ အကျဉ်းသားအခွင့်အရေးတောင်မရဘဲ​ ဟိုမရောက်ဒီမရောက် ဖြစ်နေတယ်” ဟု PPNM မှတာဝန်ခံကိုသိုက်ထွန်းဦးကပြောသည်။

ထိုသူများကို မုံရွာထောင်၊ မန္တလေးအိုးဘိုထောင်များသို့ လူ ၅၀ ခန့်စီစုကာ ပြောင်းရွှေ့ရန်  အာဏာပိုင်တို့က ကနဦးစီစဉ်ခဲ့သည်။ သို့သော် ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ၁၀၂၇ စစ်ဆင်ရေးဖြစ်လာသည့်အတွက် လုံခြုံရေးအကြောင်းပြကာ ထောင်မပို့ဘဲ အချုပ်ခန်းတွင်သာ ဆက်လက် ထိန်းသိမ်းထားသည်ဟု ထိုအချုပ်ခန်းတွင်းရှိနိုင်ကျဉ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ပိုက်ဆံတော်တော်ပေးတဲ့ လူတွေတော့ တစ်ပတ် ၁၀ သိန်းလောက်ပေးရတယ်။ တွေ့လို့ရတယ် ကြားပါတယ် အချုပ်မှာ ဟင်းရယ်၊ထမင်းရယ် ပို့ပေးလို့ရတယ်”ဟု သူကဆိုသည်။

အာဏာသိမ်းပြီးနောက် ပြင်းထန်သည့်ဖိနှိပ်မှုများ ကြုံနေရသည့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာလူတွေ့ခွင့်ကို ကိုဗစ်ရောဂါအကြောင်းပြ ပိတ်ပင်ထားရာမှ ပြန်လည်ခွင့်ပြုလိုက်သည်မှာ မကြာသေးပေ။ 

သို့သော် မုံရွာ အမှတ် ၁ ရဲစခန်းမှ ချုပ်နှောင်ခံထားရသူများမှာ အကျဉ်းထောင်များထက်ပင် အခွင့်အရေးဆုံးရှုံးနေသည်ဟု ကိုသိုက်ထွန်းဦးကပြောသည်။

“အကျဉ်းထောင်လက်စွဲဥပဒေနဲ့လည်း မသက်ရောက်ဘဲ ရဲစခန်းလုပ်ထုံးလုပ်နည်းထဲမှာ ဖြစ်နေတော့ အဲဒီ (အကျဉ်းသားအခွင့်အရေး) မရဘူးဖြစ်နေတယ်” ဟု သူကဆိုသည်။

အမျိုးသားခန်းမှ ၄၀ ဦး၊ အမျိုးသမီးခန်းမှ ၂၅ ဦး၊ လျှောက်လမ်းဆောင်မှ ၂၅၀ ဦး စုစုပေါင်း ချုပ်နှောင်ခံထားရသူ ၃၅၀ ခန့်သည် အစားအသောက်လုံလောက်စွာမရ၊ မိသားစုနှင့်တွေ့ခွင့်မရမှုအပါ အဝင် ဆေးဝါးကုသမှုလုံလောက်စွာ မရမှုတို့ကြုံတွေ့နေရသည်ဟု သိရသည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၇ ခုတွင် လုံလောက်သည့် ဆေးဝါးကုမှုမရ၍ သေဆုံးရသည့် နိုင်ကျဉ်း အရေအတွက် ၁၇ ဦး ရှိသည်ဟုလည်း PPNM စာရင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဖေဖော်ဝါရီလ ၂၇ ရက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် လူပေါင်း ၂၀၁၆၈ ဦးကို ဖမ်းဆီးထားသည် ထိုအထဲမှ ၈၈၂၇ ဦးကို ထောင်ဒဏ်များ ချမှတ်ထားသည်ဟုဆိုသည်။

နိုင်ငံအနှံ့ထောင်များတွင် ထိန်းသိမ်းထားသည့်ဦးရေနှင့် နေထိုင်နိုင်သည့် အဆောက်အဦးအကျယ်အဝန်း မမျှတခြင်းကြောင့် အကျဉ်းသားများ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရသည်ဟုလည်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles