ရုပ်သံသတင်း

လူမုန်းခံပြီး အမွေလုနေတဲ့ ဦးအောင်ဆန်းဦးမှာ ပယောဂ ဘာရှိသလဲ

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ရှိ နေအိမ်နှင့်ခြံကို လေလံတင်ရောင်းမည့် စစ်ကောင်စီလက်အောက်ခံ တရားစီရင်ချက်ကြောင့် နာမည်ကျော် ‘ခြံအမှတ် ၅၄’ က လူအများစိတ်ဝင်စားမှု တစ်ကျော့ပြန် မြင့်တက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုခြံနှင့် နေအိမ်ကို သားသမီးနှစ်ဦး အမွေခွဲရာ ကျေနပ်မှုမရှိသည့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက တရားစွဲခဲ့သည်။ ထိုနေအိမ်နှင့်ခြံကို အညီအမျှခွဲဝေယူရန် အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ တွင် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို လက်မခံသည့် ဦးအောင်ဆန်းဦးက အဆင့်ဆင့် အယူခံတက်ခဲ့သော်လည်း မူလဆုံးဖြတ်ချက်သာ အတည်ဖြစ်ခဲ့သည်။ သို့သော် ၂၀၂၁ တွင် တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းယူကာ ညီမဖြစ်သူကို ဖမ်းဆီး၊ ထောင်ချထားချိန်တွင် ဦးအောင်ဆန်းဦးအတွက် အခွင့်အလမ်းကောင်းများ ရရှိလာသည်။ နိုင်ငံခြားသားခံယူထားသည့် ဦးအောင်ဆန်းဦးသည် ဥပဒေကြောင်းအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို အမွေဆက်ခံခွင့် မရှိသော်လည်း ထိုဥပဒေကန့်သတ်ချက်ကို ခြွင်းချက်အဖြစ် စစ်တပ်က ဖြေလျှော့ပေးခဲ့သည်ဟု ဝါရင့်ရှေ့နေတစ်ဦးက ပြောဆိုသည်။ မတူညီသည့် စီရင်ချက်များ ထွက်လာရသည့် အကြောင်းရင်း၊ ‘မလုပ်ရဲတာမရှိ’ ဟုဆိုကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်လက်ထက်တွင် ‘ခြံအမှတ် ၅၄’ ကို လေလံတင်ရောင်းချမည့် အလားအလားများနှင့်ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button