အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နွားထိုးကြီးတွင် ဈေးမှ ပြန်လာသည့် သားအမိ ပစ်ခတ်ခံရ၊ သားဖြစ်သူ သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တိုက်ခိုက်ခံရသော စစ်တပ်၏လက်ချက်ကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရသွားသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှ လူငယ်တစ်ဦး ယမန်နေ့ (ဇန်နဝါရီ ၁၆) ညနေပိုင်းက ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တိုးပြီး ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။

မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ သမင်ဘေးကျေးရွာမှ အသက် ၂၈ ဝန်းကျင်အရွယ် ကိုငလင်းသည် မိခင်နှင့်အတူ နွားထိုးကြီးမြို့ပေါ်မှ ဈေးဝယ်ပြန်လာစဉ် ထိုရွာအနီးလမ်းမပေါ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုနေ့က နွားထိုးကြီးမြို့ပေါ် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို ဒေသအခြစိုက် ကာကွယ်ရေးတပ်များက ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ပြီးနောက် မြို့မြောက်ဘက်မှ အင်အား ၄၀ ခန့်ပါ ခြေလျင်စစ်ကြောင်းက စစ်ကူဖြည့်ရန် ဆင်းလာသည်ဟု ၎င်းက ဆိုသည်။

“နွားထိုးကြီးကို သွားတာ ကျွန်တော်တို့ရွာကို ဖြတ်သွားရတယ်။ အဲ့ဒီမှာ သူတို့ (စစ်တပ်) က လမ်းမှာ မည်းမည်းမြင်ရာ ဝင်ပစ်သွားတယ်။ သားအမိနှစ်ယောက် ဈေးဝယ်ပြန်လာတာကို ရွာထိပ်ရောက်တော့ စစ်တပ်က ပစ်လိုက်တယ်။ ရှေ့က ဆိုင်ကယ်မောင်းတဲ့သားဖြစ်သူက ရင်ဘတ်ကို မှန်ပြီး ပွဲချင်းပြီးသွားတာပေါ့” ဟု သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိခင်ဖြစ်သူ၏ အခြေအနေကို မသိရသေးပေ။

ထို့ပြင် နွားထိုးကြီးမြို့ပေါ်မှ ကျောင်းဆင်းပြန်လာသော ကျောင်းသားတစ်ဦး ပစ်ခတ်ခံရပြီး ခြေထောက်ကို မှန်သွားရာ မန္တလေးမြို့ပေါ်ဆေးရုံသို့ တင်ထားရကြောင်း ၎င်းက ဆက်ပြောသည်။

ပစ်ခတ်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီကို မမေးမြန်းနိုင်သေးသလို သီးခြားအတည်မပြုနိုင်သေးပါ။

စစ်ကောင်စီက ၎င်းတို့သည် အရပ်သားများကို အကာအကွယ်ပေးနေကြောင်း ပြောဆိုလေ့ရှိသည်။

စစ်တပ်အာဏာသိမ်းသည် ၂၀၂၁ ဖေဖော်ဝါရီလ ၁ မှစတင်ကာ ယခုနှစ် ဇန်နဝါရီလလယ်ပိုင်းအထိ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီဩဇာခံတပ်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူပေါင်း ၄၃၇၂ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့် နွားထိုးကြီးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို မြို့ပေါ်တွင်ပါ မကြာခဏ တိုက်ခိုက်နေသည်။

နွားထိုးကြီးအပါအဝင် မြင်းခြံခရိုင်တွင် စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး PDF တပ်ရင်း ၈ ခုနှင့် ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းသဖြင့် စစ်တပ်အလွယ်တကူတပ်ဖြန့်နိုင်သည့်၊ တောတောင် မထူထပ်သည့် ထိုဒေသတွင် တော်လှန်ရေးသမားများက ပြောက်ကျားစနစ်ဖြင့်သာ တိုက်ခိုက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button