ရုပ်သံသတင်း

Young Clothing စက်ရုံမှ အလုပ်သမားများ ဥပဒေနှင့်အညီ နစ်နာကြေးရရှိရန် တောင်းဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့Young Clothing အထည်အချုပ်စက်ရုံကို ယာယီပိတ်သိမ်းခဲ့သောကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား၁၃၀၀ကျော်သည် အလုပ်ထုတ်နစ်နာကြေးကို ဥပဒေနဲ့အညီရရှိရန် တောင်းဆိုနေကြသည်။ Young Clothing စက်ရုံတွင် ဝန်ထမ်း ၁၄၅၇ ဦးရှိပြီး လျော်ကြေးကိုလက်မခံသည့် လုပ်သမား ၁၃၀၀ခန့်ရှိကာ အလုပ်ရှင်နှင့် အလုပ်သမားများသည် လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာရုံး၌ ညှိနှိုင်းနေဆဲဖြစ်ပြီး အဆင်မပြေပါက ဆန္ဒပြတောင်းဆိုသွားမည်ဟု ဆိုကြသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/0Zs5sFUupR0]

Related Articles

Back to top button