အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ခဲ့ရသော ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှုကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့နေကြရပါတယ်။

ရုပ်သံ – AFP လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles